Saturday 20 March 2010

gender id crisis

စတာကတော့ မဟာဇနကကစမှထင်ပါရဲ့ ။
အမေ့ ကျေးဇူးနဲ့  ငယ်ထဲက ကျောင်းစာရော အပြင်စာပါဖတ်တတ်တဲ့ အကျင့်ရလာတော့ တနှစ် ၃လ တောပို့ ထာတဲ့ အခါကျ(အထိန်းရသက်သာအောင်တဲ့  ။ကိုကလဲ ဆော့တဲ့ နေရာ ဆိုးတဲ့ နေရာ အမေခမျာ ဒုတ်လက်နဲ့ ပြတ်ရတယ်မရှိဘဲကိုး ) ပြသနာစရော
တောဆိုတာက ဘာစာအုပ်မှမရှိတာ ။ ရှိတဲ့ ဟာ ရှာဖတ်ဆိုတော့ ဘုန်းဘုန်းဆီက ဇာတ်ကြီး၁၀ဘွဲ့  နဲ့  ရှင်သီဝလိထေရုပတ္တိလေးရတာကိုး
အဲမှာခေါင်းထဲတန်းစွဲတာက ။ နတ်သမီးကို မဟာဇနကပြောတဲ့ စကား
(အတိုချုပ်ပါ့မယ် ။ )
ဟ နတ်သမီးရ ။ ပင်လယ်ထဲသင်္ဘောပျက်သေမယ်ဆိုတာ ငါလဲသိတာပေါ့ ။ ဒါပေမဲ့  ငါက ယောက်ျားကွ ။ယောက်ျားဆိုတာ သေခါမှသေရော ယောက်ျားအလုပ်လုပ်ရတယ်တဲ့  ။
အဲနဲ့ နဲနဲကြီးပြန်တော့ ကြားဆရာ မြင်ဆရာ ရန်ကုန်ဘဆွေက ပြောပြန်ရော
ဟေ့ကောင် မှတ်ထားကွတဲ့ ။
လောကမှာ အဆိုကောင်းအငိုကောင်းမင်းသားတွေ
ကို ဖြတ်ဖြတ်လူးကြိုက်တာ မိန်းမတွေကွတဲ့  ။
ယောက်ျားဆိုတာ သေလုအောင်ကြိုက်အုံးတော့ ဟန်လေးတော့မပျက်ရဘူးတဲ့  ။
မှတ်ထားပါတယ် ဒီနေ့ ထိ
ဒါကြောင့် ခုထိကို ( ဒီမနက်ဆေးခန်းထိ ) ဘယ်မိန်းမနဲ့  ဖြစ်ဖြစ် စကားဘဲပြောပြော ၊ ဆေးဘဲကုကု ဖင်ဘဲနှိုက်နှိုက် (ဆေးခန်းပြောတာနော် )
စည်းလေးကမ်းလေးနဲ့  ကို့ ဘက်က ဖြတ်ဖြတ်လူးမရှိအောင်(မတော်နောက်နေ့ စောမြတ်သန္တာဖြစ်တောင် ဟေ့ ငါနော် မင်းကို မင်းသဘောမတူဘဲ ဘာမှမလုပ်ခဲ့ ဘူးပြောနိုင်အောင် ) ထိန်းတတ်တာ ကြာပေါ့
ဟောတခါ
ကျောင်းရောက်ပြန်တော့ ဆရာကသင်ရှာပြန်တယ် ။ ဟေ့ကောင်
ရဲမြင့်က ယောက်ျားကွ .။ ငါ့ ပညာ ။ ငါ့သတ္တိကို ထိခိုက်မခံဘူး ။ အသေသာခံမယ် ။
အေး ရဲမြင့် မခံဘူး။ အဲလိုဘဲ ရဲမြင့်တပည့်ယောက်ျားကောင်းဖြစ်တဲ့  မင်းလဲ မင်းပညာ မင်းဆုံးဖြတ်ချက်ကို အထိခိုက်ဘယ်တော့မှမခံနဲ့  ။
နောက်ဆုံးမင်းဆရာ ငါ့ကိုတောင်မှားတယ်ထင်ရင်မခံနဲ့ တဲ့  ။
တကယ်လဲ အကွက်ကောင်းလေးများပေါ်လို့  တပည့်လုပ်တဲ့ သူကထောက်နိုင်ရင် တနေ့ လုံး တပြုံးပြုံးနဲ့  တပည့်ကိုကြည့်ပြီးနေတော့တာဘဲ ။
တခါ အရွယ်လေးရလာတော့တရားရှာပြန်တော့
မဟာပုရိသဖြစ်သော မြတ်စွာဘုရားက မှာရှာတယ် ။
ငါမရှိတော့ပေမဲ့  ငါဟောခဲ့ သော ဓမ္မ ၀ိနယတို့ သည် မင်းတို့  ဆရာအဖြစ်တည်လိမ့်မယ် ။
နောက်လူတွေသည် မင်းဆရာဖြစ်ချင်ရင် ငါ့ဓမ္မ၀ိနယနဲ့  ချိန်ထိုးပြီးစစ်ဆေးတဲ့ 
အဲလိုယောက်ျားပီပီစစ်ဆေးခံနိုင်မှ မင်းဆရာတင်ပေတော့တဲ့  ။
အဲလိုတွေအသင်ခံလာရတော့
ယောက်ျားဆိုတာ မှန်ရာကို စိစစ်ဝေဘန်လက်ခံနိုင်ရမယ် ။ ချင့်ချိန်နိုင်ရမယ်ဆိုတာ စွဲမှတ်သေချာပါဘဲ
အဲ တလောက ဦးကောသလဆိုတဲ့  အဓမ္မ၀ါဒီကို သံဃာကဝေဘန်တော့ တွေ့ ပြန်ရော ။
စင်္ကာပူကမိန်းမကြီးတယောက်က (ဘလော့ဂွါးပြောတာဘဲ ) သံဃာမရှောင် ဘာမရှောင်
ငါ့ကောကောလေးထိ ဒါကြည့်တဲ့  ( ကီးဘုတ်ပြောတာနော် )
သြော် အဲတော့ စိတ်ထဲမှတ်ပါတယ်
အင်းဆရာဘဆွေပြောတာမှန်လိုက်တာ အဆိုကောင်းအငိုကောင်းကောကောလေးဖြတ်ဖြတ်လူကြိုက်တာ မိန်းမကြီးဟပေါ့ ။
အဲနဲ့  ခုတလော စူနာမီဆရာတော်ဆိုပြီး စူပွစူပွဖြစ်လာတော့ ကိုယ်လဲ တာဝန်မကင်းလေတော့ (ကိုကစ်ကားကျေးဇူးဘဲ ။ ကိုကစ်ကား ထီပေါက်ရင်တောင်တိုယိုတာကားရှယ်ရာတွေပေါက်ပါစေဗျာ ) နဲနဲ လေးဝင်ပါမိပါတယ် ။
စူစူနာမီကတဲ့ ဇာတ်ပွဲကိုထိရမလားဆိုပြီး ဘောင်းဘီစွန်တောင်ဆွဲပြီး ရန်လာတွေ့ နေတာ ယောက်ျားကြီးတွေချည်းဘဲဗျ ။
အင်း
ဗမာပြည်ကြီးက ယောက်ျားတွေထဲဘဲ ခြောက်တာတွေရောလာလား ။
ကိုဘဲ မွေးထဲက တလွဲသင်ခံထားရလား
အကြောင်းရှာတော့ ခေါင်းမှာချာချာလည် ။
(ဘလော့နဲ့ တော့ဘာမှမဆိုင် ၊ မာလ်တီက၀င်မရ ။ လက်ကအားနေတာနဲ့  စိတ်ထဲရှိတာတင်တာပါဘဲ
မကျေနပ်သူများ ဆရာရန်ကုန်ဘဆွေကိုသွားရန်ရှာကြပါကုန် ။ သူသေတာ ကတော့ နှစ် ၂၀မကတော့ )